Posted By lit.candle on September 15, 2009
“ဟိတ်ကောင်…မင်းဘယ်မှာလဲ”
- “သြော်…အေး…သူငယ်ချင်း…ပြော”
“မင်း…DMA ကိုမလာနဲ့တော့ ..ငါမင်းအတွက်လုပ်ထားပေးပြီးပြီ”
- “သြော်…အေး… ကျေးဇူး..ကျေးဇူ…”
“အဟား…မလိုတာကွာ…CDC နာပါတ် မှတ်ထားလိုက်ဦး”
- “အေး..အေး..ခဏ ခဏ..ရပြီ..ပြော”
“_ _ _ _ _ ရပြီလာ:”
- “အေး…အေး… ok..ok … သိုင်းကျူးကွာ…”
“ဒါပဲနော်….”
ကျွန်တော့်တွင် ငယ်သူငယ်ချင်းဟူ၍ မရှိသလောက်ရှားပါသည်။ အခြေအနေအရပ်ရပ်ကြောင့်သော် လည်းကောင်း…ကျွန်တော်ကိုယ်တိုင်က တစ်ယောက်တည်း နေတတ်သော အကျင့်ကြောင့်သော် လည်းကောင်း…ကျွန်တော်ကို အမြင်ကပ်သော သူများတစ်နေ့တစ်ခြားတိုးပွားလာခြင်းကြောင့်သော် လည်းကောင်း….. xxxxxလည်းကောင်း….xxxxxxလည်းကောင်း…။ထိုလည်းကောင်းကြောင်း များစွာကြောင့်ဟုကျွန်တော်ထင်ပါသည်။ ကျွန်တော် ဆယ်တန်းအောင်သည် အထိ သူငယ်ချင်းများ နှင့် ပျော်ရွှင်ဖွယ်ကောင်းသော အရာများကို သတိမပြုမိခဲ့သည်ကို တော့ ရိုးသားစွာဝန်ခံချင်ပါသည်။ ကျွန်တော် ရေကြောင်းသို့ရောက်ပြီးသည့်နောက်တွင်တော့ လူသားဆန်သော သူငယ်ချင်းများ…၊ သူငယ်ချင်းဆန်သော သူငယ်ချင်းများ…၊ ညီအစ်ကိုဆန်သော သူငယ်ချင်များ…ဟူ၍ များစွာသော သူငယ်ချင်းများနှင့်ခင်မင်ရင်းနှီးခွင့်ရခဲ့ပါသည်…။
အချို့ သူငယ်ချင်းများသည်… သူငယ်ချင်းအဆင့် သာရှိ၍ အချို့  သူငယ်ချင်းများမှာ ညီအစ်ကို အဆင့်တွင်ရှိနေပါသည်။သို့ရာတွင် အမျိုးအစားနှစ်ခု သာရှိသော သာမာန်သူငယ်ချင်းနှင့် ညီအစ်ကိုကဲ့သို့သော သူငယ်ချင်းမျိုးကို ကျွန်တော် ကောင်းစွာ ခွဲခြားနိုင်စွမ်း မရှိခဲ့ပါချေ။ ညီအစ်ကိုကဲ့သို့ဟုထင်ရသောသူငယ်ချင်းအချို့၏ မကောင်းကြောင်းဆိုးပြစ်များကို လေကန်…အဲလေ… ဝေဖန်ရှင်းပြချင်ပါသည်….(မှတ်ချက်။ ။ နားထောင်သူ ရှိသည်ဖြစ်စေ မရှိသည် ဖြစ်စေ ကျွန်တော် ကတော့ လေကန်နေမှာ ဧကန်ပါပဲ၊)
ကျွန်တော့်တွင် အတ္တဆန်သော အတွေးအခေါ်တစ်ခုရှိပါသည်…။ထိုအရာမှာ လူသားဆန်သော သူငယ်ချင်းများကို ကျွန်တော့် ခေါင်းထဲတွင် သူငယ်ချင်းစာရင်းထည့်မတွက်ချင်းပင်ဖြစ်ပါသည်။ ထိုလူသားဆန်သောသူငယ်ချင်းများနှင့်ပက်သက်၍ မည်သို့သော ခံစားချက်မျှကျွန်တော့်တွင် ရှိမနေပါချေ.။ထို့ကြောင့် ၄င်းသူငယ်ချင်းများအကြောင်းကိုထည့်သွင်းရေးသားမည်မဟုတ်ကြောင်း ကြိုတင်ပြောပြအပ်ပါသည်။
ရှေးဦးစွာ ညီအစ်ကိုကဲ့သို့သော သူငယ်ချင်းများ၏ကောင်းကျိုးဆိုးပြစ်များကို လေကန်ပါတော့မည်….။
ZHA(ZHA ရေ ဘုရားသာတပေတော့) ZHA ဆိုတဲ့ကောင် က အခြားဘော်ဒါများနှင်မတူပါ..(ဘယ်တူမလဲ အမွှာမှမဟုတ်တာဗျာ..နော်)အခြားဘော်ဒါများလိုလဲ အားမနာတတ်ပါ… ကျွန်တော့်အိမ်ကို သူ့အိမ်လို သဘောထား၊ စားစရာရှိတာစား ၀ါးစရာရှိတာ ၀ါးတတ်ပါသည်…ကျွန်တော်ပြောသောစကားတစ်ခွန်းကိုလည်း လွယ်လွယ်နှင့် လက်မခံတတ်ပါ… အကျိုးအကြောင်းဆီလျှော်အောင်ညှီပြီး ဝေဖန်စရာရှိလျှင်ဝေဖန်ပါသည်..။လေကန်စရာရှိလျှင်လည်း အားမနာတတ်..(ရှေ့မကြည့်နောက်မကြည့်ပြောချင်ရာပြောတတ်တယ်ဗျာ)မကောင်းဘူးထင်လျှင် အမုန်းခံ၍ တားဆီးပြောဆိုတတ်သောသူ၊ ကောင်းမယ်ထင်လျှင် အရောက်ပို့တတ်သောသူ(ဂိတ်ဆုံး) ရည်းစားထက် သူငယ်ချင်းကို ဦးစားပေးတတ်သောသူ(မှတ်ချက်။ ။ ZHA တွင်ရည်းစားမရှိပါ။ လူရှိန်ယုံသက်သက်သာ ရည်ရွယ်ပါသည်)အရေးကြုံလျှင် ပိုက်ဆံချီးတတ်သောသူ(အလွန်အင်မတန် ပိုက်ပိုက် ပြတ်နေတတ်သောကြောင့် သတိထားကြပါရန်)ဘော်ဒါများအတွက်ဆိုလျှင် အိမ်တိုင် ရာရောက်ဝန်ဆောင်မှုပေးတတ်သောသူ(ဘော်ဒါဆောင်များတွင်လည်း လစ်ရင်လစ်သလို သုတ်တတ်သည်။)သူငယ်ချင်းအတွက် အမြဲတမ်း ခေါင်းထဲမှာ ထည့်ထားတတ်တဲ့သူ၊ ကျွန်တော်လိုအပ်တိုင်း ပွင့်ပွင့်လင်းလင်း တိုင်ပင်ဖေါ်ရသောသူ၊ကောင်မလေးကြောင်းပြောလျှင်…. ဘော်ဒါတွေ အကြောင်းလောက်စိတ်မ၀င်စားတတ်သူ(မှတ်ချက်…။…။ ကျွန်တော့်ဘော်ဘော်သည်… (ဂငယ်)မဟုတ်ပါ…။)
ထိုထိုသို့သော အကြောင်းကြောင်းများကြောင့်ZHAသည် ကျွန်တော့် အတွက် ညီအစ်ကိုကဲ့သို့သော သူငယ်ချင်းတစ်ယောက်ဖြစ်ပါသည်….။ အဟဲ That’s Right! Right!
WPP(ဘော်ဒါရေ လွန်တာရှိရင် ၀န်တာမိကွာ:P)WPP ဆိုသည်မှာ အခြားမဟုတ် ကျွန်တော်နှင့် တစ်နယ်တည်းသား….. ကြီးခင် ဖြစ်သည်..(ကြီးမှခင်သောသူ)အလွန်အနေအထိုင် အေးသောသူ (မှတ်ချက်။ ။ လူရှေ့သူရှေ့တွင်သာ)ကျွန်တော် အရေးအကြောင်းကြုံလျှင် သူလည်း ပြဿနာတတ် နေတတ်သူ (ဥပမာ…ကျွန်တော် သေလောက်အောင်စိတ်ညစ်နေချိန်တွင်…သူလည်းလက်ကျိုးနေ သည်။)လူချစ်လူခင် ပေါများသောသူ(မယုံသူများ ခြစ်ကြည့်နိုင်သည်)ကျွန်တော် တစ်ခုခု အဆိုပြုလိုက်လျှင် ဘယ်တော့မှပယ်မချတတ်သော သူ(ကျွန်တော်သီချင်းဆိုလျှင်လည်း လိုက်မဆိုတတ်ပါ)မိန်းကလေးများရှေ့တွင် အေးယောင်ဆောင်၍ ကွယ်ရာတွင် လုပ်ချင်ရာလုပ်တတ် သောသူ(တစ်ခါတစ်လေများဆိုလျှင် အဲ့ဒါ အထာဟုပင်ပြောတတ်သေးသည်) ကလေးမသာရုပ်နှင့် နေတတ်သော်လည်း ဂျောက်ဂျက်သီချင်းများ အလွတ်ရသောသူ(Laptop ထဲတွင်ပင် ထည့်ထားလိုက် သေးသည်..ဘာတွေတော့မသိပါ)သူငယ်ချင်းများနှင့် ပက်သက်လျှင် ထမင်းမေ့ဟင်းမေ့ အိမ်ပါမေ့ တတ်သောသူ(သူ့ နာမည်တောင်မေ့သွားမှာဆိုးရသည်) နေရာအတည်တကျ မနေတတ်သောသူ (အိုင်တွေ့ခြေဆေး ၊ ပလက်ဖောင်းခေါင်းအုံး၊ ဓါတ်တိုင်တွေ့ …အဲ ..အဲ..အဲ့လိုလူ အဟီး) သူငယ်ချင်းများ သွားစရာလာစရာရှိလျှင် ဘယ်လိုက်ဖမ်းလို့ဖမ်းရမှန်းမသိသည့် (၀ရမ်းပြေးလိုလူ) သူငယ်ချင်းများ အပေါ်တွင် အလွန်အမင်းအားနာတတ်သောသူ( ခါးတော့ပါမည်မထင်ပါ…) ထို သို့သော အကြောင်းများကြောင့်ပင် လူခြစ်လူချင် အဲလေ..လူချစ်လူခင် အလွန်ပေါလေသည်…။ ထို့ကြောင့်ပင် ကျွန်တော်၏ ညီအစ်ကို ကဲ့သို့သော သူငယ်ချင်းများထဲတွင် တစ်ယောက်အပါအ၀င် ဖြစ်လာခဲ့လေသည်တကားးးးးးးးးးး သာဓု…သာဓု…ဟာ မှားကုန်ပြီ ဘွာတေးဘွာတေး….:)
NKK( အဟဲ..ဒီတစ်ခါ မင်းအလှည့်..)Nkk ဆိုသည်မှာ ဘယ်တော့မှ အညိမ်မနေတတ်သော (တစ်ကိုယ်လုံးကြိုးတုပ်ထားလျှင်ပင် လှုပ်ရသည့်အပိုင်းကလှုပ်နေမည့်သူမျိုး ဥပမာ..။ ။ မျက်စိ၊ ပါးစပ် စသည် )NKK သည် ကျွန်တော့်သူငယ်ချင်းများထဲတွင် အထူးခြားဆုံးသူ( အမြှီးပင်ပေါက်နေလေပြီ) စကားကို ဘယ်တော့မှ တည်တည်တံ့တံ့ မပြောတတ်သောသူ(တစ်နေ့တွင် ၂၅နာရီ လျှောက်ပြော နေရမှ ထမင်းစားဝင်သည့်ပုံ) အလွန်ပြဿနာကို မျက်မှန်တပ်၍ ရှာတတ်သူ(မျက်မှန်ထူထူကြီး တတ်ထားသည် စာကြိုးစားလွန်း၍တော့မဟုတ်…. ဇာတ်ကားတွေကို မျက်လုံးပြူး မျက်ဆံ ပြူး အားမလိုအားမရ ကြည့်သောကြောင့်သာ) သူငယ်ချင်းများကို ခင်မင်တတ်သလို သူငယ်ချင်းများ ၏ ခင်မင်မှုကိုလည်း မျှော်လင့်တတ်သောသူ (လျှာတစ်လစ်နှင့်…မှတ်ချက်။ ။ ထို့ကြောင့် မိန်းခလေး သူငယ်ချင်းများက သူ့ကိုကြောက်ကြသည်။) သူလုပ်ချင်ရာတွေကို မျက်စိနောက်လောက်အောင် လျှောက်လုပ်နေတတ်သူ(မျောက်ဟု နာမည်ပြောင်တွင်လောက်အောင်ပင်) တစ်ချိန်လုံးနောက် နောက်ပြောင်ပြောင်နေတတ်သော်လည်း…. တည်ကြည်သော အတွေးအခေါ်ရှိသူ (တစ်ခါတစ်လေ ပိုက်ဆံပြတ်ပါက ခိုလိုငြည်း ၍ မျောက်လို ကူ တတ်သေးသည်) ရည်းစားထားချင်သော်လည်း စကားပြော မညက်သောသူ(သူနှစ်သက်သည့် ကောင်မလေးတွေ့ ပါက ပြောသင့်မပြောသင့် မစဉ်းစား ပြောချင်ရာပြောတတ်သူ..) ထို့ကြောင့် ယခုထိ တစ်ကိုတည်း…အပျို ကြီး..အဲဗျာ…မှားပြန်ပြီ လူပျိုကြီး…။ တစ်ချက်ပြုံးလျှင် အသက်တစ်ရက် ရှည်မည်ဆိုပါက ထိုသို့သော် ဘော်ဘော် ၏ သူငယ်ချင်း ကျွန်တော် အတော်အသက်ရှည်လိမ့်မည်။ ဒါ က ကျွန်တော်တို့အဖွဲ့ ရဲ့ ဂျိုကာကြီးအကြောင်း ….. (နောက်ကျရင် king တို့Queenတို့လာမယ်…အဟဲ)
စာအဆက်။ ။ ကဲ..ဘော်ဘော်တို့ရေ…နောက်တစ်ပုဒ် နောက်တစ်ခါ ..နောက်တစ်ချိန်မှာဘယ် သူငယ်ချင်းအလှည့်ကျမယ်ဆိုတာကို လာဖတ်ကြပါဦးဗျာ…။နော်….ဟားဟားဟားဟား
ကျွန်တော့်သူငယ်ချင်း မီးအိမ်ငယ်က ဘလော့ဆိုတာ စိတ်ကူးပေါက်ရင်ပေါက်သလို ရေးတတ်ရတယ်ဆိုလို့ စိတ်ကူးပေါက်ရာတွေကို ပေါက်သလို ရေးချလိုက်ပါသည်။ ဘာမှမဟုတ်တဲ့ ကျွန်တော့်ရဲ့ စိတ်ခံစားမှု တစ်စိတ်တစ်ဒေသကို အဆုံးတိုင်ဖတ်ပေးတဲ့အတွက် ကျေးဇူး ၁၀၀%ပါခင်ဗျာ။(မှတ်ချက်။ ။ ဆက်ရန်ရှိသေးသည်ပေါ့ဗျာ..နော်..အဟဲ):P
Category: My feeling, အပျော်အပျက် |
2 Comments »
Tags: